အိန္ဒိယနိုင်ငံသို့ Afghanistan နိုင်ငံ Kabul ပြည်နယ်မှ ပန်းသီးများ ကွန်တိန်နာ ၁၂ လုံးခန့် တင်ပို့တော့မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ခန့်တန်ကြေးရှိပြီး Afghan ကုန်သည်များနှင့် ညှိနှိုင်း၍ အိန္ဒိယနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း သိရပါသည်။ Afghanistan နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ သစ်သီးခြောက်တင်ပို့မှုတွင် အလုပ်လုပ်ဖုးသော အိန္ဒိယနိုင်ငံမှ စီးပွားရေးသမားများသည် ၎င်းတို့အနေဖြင့် Afghanistan နိုင်ငံမှ သစ်သီးများ အထူးသဖြင့် ပန်းသီးများဝယ်ယူရန်အတွက် စိတ်ဝင်စားမှုများရှိနေကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသားကုန်သည် Murtaza Mansoor က “၎င်းတို့အနေဖြင့် အိန္ဒိယအစိုးရအား ကျေးဇူး တင်ရှိကြောင်းနှင့် Afghanistan အစိုးရကိုလည်း နှစ်နိုင်ငံကြား လွတ်လပ်စွာကုန်သွယ်ခွင့် ခွင့်ပြုခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း” ပြောကြားခဲ့ပါသည်။ အဆိုပါသဘောတူညီမှုသည် နှစ်နိုင်ငံကြားကုန်သွယ်ရေးချဲ့ထွင်ခြင်းနှင့် ဖွံ့ဖြိုးတက်ခြင်းတို့ကို ဖန်တီးပေးကြောင်း ၎င်းက ထပ်ပေါင်းပြောကြားခဲ့ပါသည်။ Afghan ကုန်သည်အချို့ကလည်း အဆိုပါကနဦး လုပ်ဆောင်ချက်၏ ရည်မှန်းချက်သည် Afghanistan နိုင်ငံ၏ ထုတ်ကုန်များအတွက် စျေးကွက်များ ဖွင့်လှစ်စေနိုင်ကြောင်းနှင့် အိန္ဒိယနိုင်ငံသည် Afghanistan နိုင်ငံ၏ ကုန်ပစ္စည်းများ၊ အထူးသဖြင့် သစ်သီးများအတွက် အားကောင်းသောစျေးကွက်ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Afghanistan နိုင်ငံသားကုန်သည်တစ်ဦး Abdul Malik Montazer က “အိန္ဒိယနိုင်ငံ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် Afghanistan နိုင်ငံတွင် ပိုမိုရင်းနှီးမြှုပ်နှံသင့်ကြောင်းနှင့် အိန္ဒိယနိုင်ငံသို့ အလည်သွားသည့် စက်မှုလက်မှုနှင့် စီးပွားရေးရာ ဝန်ကြီးအနေဖြင့် လေကြောင်းနှင့်ကုန်းကြောင်း လမ်းများဖန်တီး၍ တင်ပို့မှုအခွင့်အလမ်းများ ပြန်လည်ယူဆောင်လာရန်အတွက် ၎င်းတို့အနေဖြင့် မျှော်မှန်းကြောင်း ပြောကြားခဲ့ပါသည်။ Afghanistan နိုင်ငံမှ စိုက်ပျိုးရေးခြံပိုင်ရှင်များသည်လည်း ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှုအခွင့်အလမ်းများပေါ်ပေါက်လာသည့်အတွက် ကျေနပ်မှုရှိကြောင်းနှင့် တစ်ခြားနိုင်ငံများ သို့ သစ်သီးနှင့်တစ်ခြားသော စိုက်ပျိုးရေးထွက်ကုန်များတင်ပို့နိုင် ရန်လမ်းကြောင်းများကို ပိုမိုဖွင့်လှစ်သင့်ကြောင်း အထူးအလေးပေးပြောကြားခဲ့ပါသည်။ အဆိုပါတင်ပို့မှုသည် စီးပွားရေးရာဒုတိယဝန်ကြီးနှင့် Afghanistan နိုင်ငံမှကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များနှင့်အတူ ပြုလုပ်ခဲ့သော အစည်းအဝေးအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။
Source: https://www.doca.gov.mm
အိန္ဒိယနိုင်ငံသို့ ပန်းသီးများ ကွန်တိန်နာ ၁၂ လုံးခန့်တင်ပို့တော့မည့် Afghanistan နိုင်ငံ
Category:
International News